စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မုံရွာ -ချောင်းဦးလမ်းပေါ်တွင် အကြမ်းဖက်စစ်ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်ကားတစ်စီး ပျက်စီးခဲ့ကြောင်း People’s Defense Force – South Monywa တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ယမန်နေ့ ဧပြီလ ၂၈ ရက် နံနက် ၁၁ နာရီ မိနစ် ၄၀ အချိန် ချောင်းဦးမြို့မှ စစ်သားတချို့ကို တင်ဆောင်ကာ မုံရွာဘက်သို့ ထွက်လာသော စစ်ယာဉ်တန်းကို အသင့်ထောင်ထားသော မိုင်းပွိုင့်ပေါ် အရောက် ပဒေသာမိုင်း ၂ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ကားကို ထိမှန်ခဲ့ပြီး ထိုးရပ်သွားကြောင်း သိရသည်။
ထို့နောက် စစ်တပ်က မိုင်းစထိမှန်ပျက်စီးသွားသော ကားကို မိနစ် ၃၀ ခန့်အကြာ ပြန်လည် ပြင်ဆင်ပြီး မုံရွာဘက်သို့ ဆက်လက်ထွက်ခွာသွားကြောင်း၊ ယင်းတိုက်ခိုက်မှုနှင့်ပတ်သက်၍ အကြမ်းဖက်စစ်သား ထိခိုက် သေ ဆုံးမှုကို သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။
“တိုးဂိတ်နဲ့ ဘက်စုံခြံကြားက ကင်းပုန်းတွေတင်ပြီး ဆက်ထွက်လာတာ၊ တိုးဂိတ်နားမှာပဲ မိုင်းဆွဲ ခဲ့တာပါ၊ စစ်ကိုင်းဘက်ကထွက်လာတဲ့ ကားတွေကိုလည်း တိုးဂိတ်ပတ်ချာမှာပဲ ထပ်ဆွဲခဲ့တာ။ ဟု People’s Defence Force – South Monywa တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ထို့ပြင် ယမန်နေ့ မွန်းလွဲ ၂ နာရီ ၄၈ မိနစ်အချိန် စစ်ကိုင်းမြို့ တပ်မ ၃၃ မှ ထွက်ခွာလာသော အကြမ်း ဖက်စစ်သားများ စီးနင်းလိုက်ပါလာသည့် ဖောကား ၅ စီးကို ပဒေသာမိုင်း ၃ လုံး ၁ ပွိုင့်၊ ၂ လုံး ၁ ပွိုင့်တို့ဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ကား တစ်စီးပျက်စီး သွားပြီး အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုများကို မုံရွာခရိုင်အမှတ် ၁၁ တပ်ရင်းဖြစ်သော People’s Defense Force – South Monywa တပ်ခွဲ ၃ ၊ တပ်စု ၂ Youth Vigor Revolution Force နှင့် မုံရွာခရိုင်တပ်ရင်း ၁၁ တပ်ခွဲ ၂ Black Hunter People’s Task Force တို့ ပူးပေါင်းကာတ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အ ကြမ်းဖက်စစ်သားများဘက်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သော် လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။