ရှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်က သုံးဆယ်ရွာကို စစ်ကောင်စီ က လက်နက်ကြီးနဲ့ပစ်လို့ အမျိုးသမီး ၁ ဦး ထိမှန်ဒဏ်ရာရပြီးနေအိမ် ၂ လုံး ပျက်စီးတယ်လို့ TNLA က ဧပြီလ ၂၉ ရက် မှာ ထုတ်ပြန်ပါတယ်။
နောင်ချိုမြို့နယ် ၊ သုံးဆယ်ကျေးရွာကို အုမ္မတီးနဲ့ တန်ဘိ်ုကျေးရွာတွေမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ဧပြီလ ၂၇ ရက်မှာ ၃ ကြိမ်၊ ယမန်နေ့ ဧပြီလ ၂၈ ရက်နေ့မှာ ၃ ကြိမ် စုစုပေါင်း ၆ ကြိမ်ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
ယင်း လက်နက်ကြီးတွေ ပစ်ခတ်မှုကြောင့် အသက် ၆၀ အရွယ် အမျိုးသမီး ၁ ဦးရဲ့ မျက်နှာနဲ့ လက်ကို ထိမှန်ဒဏ်ရာရရာ နေအိမ် ၂ လုံးလည်း ပျက်စီးရတယ်လို့ ပြောပါတယ်။
နောင်ချိုမြို့နယ်တွင်လတ်တလော မြေပြင်တိုက်ပွဲမရှိနေဘဲ လေယာဉ်အသုံးပြုပစ်ခတ်တိုက်ခိုက်နေတာ လက်နက်ကြီးနဲ့ ကျေးရွာတွေကို ပစ်ခတ်နေတာဟာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ပြုလုပ်နေတာလို့ ဆိုပါတယ်။
လတ်တလောမှာ လားရှိုး၊ မူဆတယ်၊ ကျောက်မဲနဲ့ နောင်ချိုမြို့နယ်တွေမှာ စစ်ကောင်စီတပ်က စစ်လက်နက်ပစ္စည်းတွေဖြည့်တင်းနေတာ၊ လူအင်အားဖြည့်တင်းတာတွေလုပ်နေလိုသလို ခရီးသွားပြည်သူတွေနဲ့ ဒေသခံတွေကို တင်းကြပ်တဲ့ စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ ထုတ်ပြန်ချက်
ပါတယ်။