ကရင်နီအမျိုးသမီးအစည်းအရုံးလက်အောက်ရှိ ကရင်နီအမျိုးသမီးစွမ်းရည်မြှင့်တင်ရေးကျောင်း (WSP) ကျောင်းမှာတက်ရောက်ဖို့အတွက် အမျိုးသမီးတွေကို ခေါ်ယူနေပြီလို့ ကရင်နီအမျိုးသမီးအစည်းအရုံး (KNWO)က ထုတ်ပြန်ထားပါတယ်။
အမျိုးသမီးစွမ်းရည်မြင့်တင်ရေး စီမံကိန်းတက်မယ့် ကျောင်းသူအသစ်တွေဟာ လျှောက်လွှာတွေ ကို ဧပြီလ ၂၉ ရက်နေ့ ကနေစပြီး စခန်း (၁)ရပ်ကွက် (၁၄)ရှိ KNWO ရုံးမှာလာရောက်ရယူနိုင် တယ်လို့ ဆိုပါတယ်။
ကရင်နီအမျိုးသမီးစွမ်းရည်မြှင့်တင်ရေးကျောင်းကနေ ရပ်ရွာလူထုဖွံ့ဖြိုးတိုးတက်ရေး (Community Development) ၊ ငြိမ်းချမ်းရေးအသိပညာပေးခြင်း (Peace Education) ၊ အမျိုးသမီးရေးရာ (Women Issue) ၊ အခြေခံပညာရေး (Basic Education)၊ အခြေခံကွန်ပျူတာ (Basic Computer) ဘာသာရပ်တွေကို သင်ကြားပေးမှာဖြစ်တယ်လို့ သိရပါတယ်။
လျှောက်ထားတဲ့အမျိုးသမီးတွေဟာ အလယ်တန်းအဆင့် ပညာအရည်အချင်းရှိသူ မြန်မာစာနဲ့ အင်္ဂလိပ်စာ အခြေခံအရေးအဖတ် အမှန်တစ်ကယ်ပညာသင်ယူဖို့ စိတ်အားထက်သန်သူ (၁)နှစ်တာ ပညာသင်နှစ်ပြီးဆုံးအောင် တက်ရောက်နိုင်သူဖြစ်ရမယ့်အပြင်ကျောင်းတွင်း ကျောင်းပြင် လှုပ်ရှားမှုတွေကို ပူးပေါင်းဆောင်ရွက်နိုင်သူကျောင်းစည်းကမ်းတွေကို လိုက်နာဆောင်ရွက်နိုင်သူ ဖြစ်ရမယ်လို့ ဆိုပါတယ်။