ချင်းပြည်နယ်၊ တီးတိန်မြို့နယ် လိုင်သွီးကျေးရွာဘက်မှာ ဒီကနေ့ မေလ (၁) ရက်နေ့ မနက်အစောပိုင်းလောက်မှာ ချင်းအမျိုးသားတပ်ဦး (CNF/CNA) နဲ့ ဇိုမီးတော်လှန်ရေးတပ်မတော်( ZRA )တို့အကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
တီးတိန်မြို့နယ်က ဒေသခံတစ်ဦးက “ဒီကနေ့ မနက်ပိုင်း ၁၂ နာရီလောက်ကနေ ပစ်ခတ်တိုက်ပွဲသံတွေကို ဒေသခံတွေက ကြားကြတယ်လို့ သတင်းကြားတယ် အဲဒီနားတဝိုက်မှာ CNF/CNA နဲ့ ZRA တွေက ခဏဏ တိုက်ပွဲဖြစ်နေကြဆိုတော့”လို့ပြောပါတယ်။
ဒီကနေ့ မနက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း နှစ်ဘက်ထိခိုက်သေဆုံးမှုကို တော့မသိရသေးဘဲ CNA ပူးပေါင်းတပ်တွေဘက်က အင်အားအများအပြားနဲ့ လာရောက်ခဲ့တယ်လို့ ပြောဆိုမှုတွေလည်း ရှိနေပါတယ်။
တီးတိိန်မြို့နယ် တီးတိန် ၊ ရိိခေါဒါ်ရ်စပ်အနားတဝိုက် ဒေသတွေမှာ ချင်းအမျိုးသားတပ်ဦး CNF/CNA နဲ့ (Zomi Revolutionary Army ) ZRA အကြား မကြာခဏ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားလျက်ရှိပါတယ်။