ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေ့မြို့နယ်၊ တောင်ပို့ကွဲကျေးရွာကို မနေ့ ဧပြီ ၃၀ ရက်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်လို့ ကျေးရွာရဲ့ အနောက်ဘက်ရှိ စေတီ ထိမှန်ပျက်စီးခဲ့တယ်လို့ ဒေသသတင်းအရင်းအမြစ်ထံက သိရပါတယ်။
ထီရီးကျေးရွာမှာ တပ်စွဲထားစစ်ကောင်စီတပ်က မနေ့ ဧပြီလ ၃၀ ရက် ည ၈ နာရီ ၅၅ မိနစ်မှာ တိုက်ပွဲဖြစ်တာမရှိဘဲ လက်နက်ကြီးနဲ့ ၃ ကြိမ် ပစ်ခတ်ခဲ့လို့ တောင်ပို့ကွဲ့ရွာစေတီကို ထိမှန်ပျက်စီးခဲ့တာလို့ သိရပါတယ်။
အလားတူ ယနေ့မနက်ပိုင်းမှာပဲ ဖယ်ခုံရွာထဲကို လက်နက်ကြီးနဲ့ပစ်ခတ်နေလို့ မြို့ထဲမှာ မီးတွေလောင်ကျွမ်းနေတယ်လို့ သိရပေမယ့် ထိခိုက်အပျက်အစီးကိုတော့ အတည်ပြုလို့ မရသေးပါဘူး။
စစ်ကောင်စီတပ်တွေဟာ ဖယ်ခုံမြို့နယ်ဘက်မှာ စစ်ကြောင်းတွေထိုးနေသလို မြို့ထဲ၊ ရွာတွေထဲကို လက်နက်ကြီးနဲ့ပစ်ခတ်တာ ၊ ဒရုန်းနဲ့တိုက်ခိုက်တာ၊ ထိပ်တိုက်တွေ့တဲ့ ဒေသခံတွေကို ပစ်ခတ်သတ်ဖြတ် နှိပ်စက်တာတွေ ပြုလုပ်နေလို့ ဒေသခံတွေ ရွာတွေမှာ မနေရဲဘဲ လွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။