စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် လေပြင်း တိုက်ခိုက်မှုကြောင့် စစ်ရှောင်တဲများနှင့် နေအိမ် တချို့ ပျက်စီးခဲ့ကြောင်း အညာပစ်တိုင်းထောင်လေးများ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
ယနေ့ မေလ ၁ ရက်နေ့ ညနေပိုင်းတွင် ဆားလင်းကြီးမြို့နယ် မြောက်ပိုင်းရှိ ကျေးရွာများကို လေပြင်းတိုက်ခိုက်ခဲ့ပြီး စစ်ရှောင်တဲများနှင့် နေအိမ် တချို့ ပျက်စီးကာ ပြည်သူများ ထိခိုက်မှုမရှိကြောင့် သိရသည်။
“ဆာလင်းကြီးမြို့နယ် မြောက်ခြမ်းက ကျေးရွာတွေကို လေပြင်း တိုက်ခိုက်ခဲ့တာပါ။ စစ်ရှောင်တဲတွေနဲ့ ကျေးရွာထဲက နေအိမ် တချို့ ပျက်စီးမှုရှိတယ်။ ပြည်သူတွေ ထိခိုက်မှုကတော့ မကြားမိသေးဘူး” ဟု အညာပစ်တိုင်းထောင်လေးများ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
လက်ရှိချိန်တွင် လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားသော စစ်ရှောင်တဲများနှင့် နေအိမ်များ ပြန်လည် တည်ဆောက်ရေး အကူအညီများ လိုအပ်လျက်ရှိကြောင်း သိရသည်။