စစ်တပ်အာဏာသိမ်းထားတဲ့ ၃ နှစ်ကျော်ကာလအတွင်း အရပ်သား ၉၀၀ ကျော်ရဲ့ ပိုင်ဆိုင်မှုတွေ မတရားသိမ်းဆည်းခံခဲ့ရတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP) က ဒီမနက်မှာ စာရင်းဖော်ပြပါတယ်။
ပိုင်ဆိုင်မှုသိမ်းဆည်းခံရသူတွေထဲမှာ စစ်ကောင်စီကို ဆန့်ကျင် သူတွေ ၊ သပိတ်အဖွဲ့ဝင်တွေ ၊ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေ ၊ NLD အစိုးရ အဖွဲ့ဝင်တွေ ၊ ပါတီဝင်တွေ ၊ပညာရေးဝန်ထမ်းတွေ ၊ မီဒီယာသမားတွေအပြင် စီးပွားရေးလုပ်ငန်းရှင်တွေလည်းပါဝင်တယ်လို့ AAPP က ဆိုပါတယ်။
အရေအတွက်အားဖြင့် ၉၃၄ ဦးရဲ့ပိုင်ဆိုင်မှု ၁,၁၅၉ ခု သိမ်းဆည်းခံခဲ့ရပါတယ်။