ရှမ်းပြည်နယ်၊ မိုးမိတ်-တွင်းငယ် လမ်းမကြီးကို ဖြတ်သန်းပါက သက်ဆိုင်ရာ နယ်မြေ တော်လှန်ရေးအဖွဲ့ တာဝန်ရှိသူထံ သတင်းပို့ပြီးမှသာ သွားလာခွင့်ပြုမယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး က အသိပေးထုတ်ပြန်ပါတယ်။
ABSDF အမှတ် (၂) စစ်ကြောင်း လှုပ်ရှားနယ်မြေကို အကြမ်းဖက် စစ်ကောင်စီ တပ်တွေက အရပ်သားအသွင်ဆောင်ပြီး ဖြတ်သန်းတာ၊ လက်နက်ခဲယမ်း၊ ရိက္ခာ ပို့နေတာ တို့ လုပ်ဆောင် နေတဲ့အတွက် အဆိုပါ လမ်းပိုင်းကို မနက် ၆ နာရီ ကနေ ညနေ ၆ နာရီ အထိသာ ဖြတ်သန်းသွားလာခွင့်ပြုတော့မယ်လို့ ဆိုပါတယ်။
ရန်သူစစ်တပ်က အရပ်သားကား အသွင်နဲ့ တမျိုး၊ ပရဟိတ အသင်း ပိုင် ကားတွေနဲ့ အသုံးပြုလို့ ဖြတ်သန်းသွားလာဖို့ ကြိုးစား လုပ်ဆောင် နေတာကို တွေ့ရှိရတဲ့အတွက် ပြည်သူများ နှစ်နာမှု မရှိစေဖို့ နဲ့ အကြမ်းဖက်စစ်တပ်ကို ဖြတ်တောက် ပိတ်ဆို့ နိုင်ဖို့ အခုလိုထုတ်ပြန်လိုက်တာဖြစ်တယ်လို့ ဖော်ပြပါတယ်။