စစ်ကိုင်းတိုင်း၊ ရေဦးမြို့အထွက်ရှိ ဂါဝီစစ်ဆေးရေးဂိတ်ကို အလစ်အငိုက်ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး သေဆုံးခဲ့ကြောင်း ရွှေဘိုခရိုင် အမှတ် ၁၄ တပ်ရင်း ရေဦး PDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
ယနေ့ မေလ ၁ ရက် နံနက် ၇ နာရီခန့်အချိန် ရေဦးမြို့အထွက်၌ တပ်ကြပ်စိုးမိုးအောင်အပါအဝင် အ ကြမ်းဖက်စစ်သား ၁၅ ဦးခန့်ဖြင့် ဆက်ကြေးကောက်နေသာ ဂါဝီဂိတ်ကို ရွှေဘိုခရိုင် အမှတ် ၁၄ တပ်ရင်း ရေဦး PDF တပ်ဖွဲ့ဝင် ရဲဘော်များက ၄၀ မမ များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်း ဖက်စစ်သား ၃ ဦးသေဆုံးပြီး ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“ရေဦးမြို့အထွက်ဂိတ်ပဲ၊ ဒီပဲယင်းဘက်ကို ထွက်တဲ့ဂိတ်ပေါ့၊ ဒီအတိုင်းပဲ လက်နက်ကြီးနဲ့ ပစ်ပြီး ပြန် ဆုတ်ခဲ့တာ။ သူတို့ဘက်က ပြန်ပစ်တာတော့ မရှိပေမယ့် ကင်းရှည်ထွက်လာတာမျိုးတော့ တွေ့ရ တယ်။ ၃ ကောင်ကတော့ သေသွားတဲ့သဘောမျိုးရှိတယ်၊ ဘောဒီတွေကို တိုင်းရင်းဆေးရုံထဲကို ဆိုင် ကယ်နဲ့ သယ်သွားတာ၊ ကျန်တဲ့ ၄ ယောက်လည်း တိုင်းရင်းဆေးရုံထဲမှာပဲဆေးကုသနေတယ်လို့ သိရတယ်။ ဒီတိုက်ခိုက်မှုကတော့ အလစ်အငိုက်ပြောက်ကျားဝင်တိုက်ခဲ့တာပါ” ဟု ရွှေဘိုခရိုင် အမှတ် ၁၄ တပ်ရင်း ရေဦး PDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
စစ်ကိုင်းတိုင်း ရေဦးမြို့နယ်တွင် စစ်ကောင်စီတပ်များက မြို့ပေါ် စစ်ဆေးရေးဂိတ်၊ ရဲစခန်းနှင့် ဌာနဆိုင်ရာရုံးများတွင်သာ တပ်စွဲထားပြီး မြို့နယ်ပတ်ဝန်းကျင်ရှိ ကျေးရွာများကို နယ်မြေစိုးမိုးမှုမရှိတော့ကြောင်း၊ တော်လှန်ရေးတပ်များက မြို့ပေါ်သို့ တက်၍ စစ်ကောင်စီတပ်များကို မကြာခဏဆိုသလို တိုက်ခိုက်လျက်ရှိကြောင်း သိရှိရသည်။