မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်အတွင်းက အမျိုးသားညီညွတ်ရေးအစိုးရ ကြားကာလ ပညာသင်ကြားရေး စာသင်ကျောင်း တကျောင်းမှာ မူလတန်းကလေးငယ်တွေကို မနေ့က သံချဆေး တိုက်ကျွေး ခဲ့တယ်လို့ ပခုက္ကူခရိုင် အမှတ် (၁၇) က ပြောပါတယ်။
“တပ်ဖွဲ့အနေနဲ့ ကြားကာလ စာသင်ကျောင်းက မူလတန်းအရွယ် ကလေးငယ် ၅၃၆ ဦး ကို သံချဆေး တိုက်ကျွေးခဲ့ပြီး၊ အခြား မူလတန်း ကျောင်းများ အားလုံးဆေးတိုက်နိုင်ရန် ဆက်လက် လုပ် ဆောင်နေပါတယ်” လို့ အမှတ် (၁၇) တပ်ရင်း ဆေးတပ်ဖွဲ့ တာဝန်ခံ က ပြောပါတယ်။
အကြမ်းဖက်စစ်အုပ်စု အာဏာသိမ်းပြီးနောက် စစ်ကိုင်းမြို့နယ် ကျန်းမာရေးဌာနမှ CDM ပြုလုပ် ကာ ဇာတိမြေ မြိုင် အမှတ် (၁၇) တပ်ရင်းမှာ ဆေးတာဝန်ခံ လုပ်နေတဲ့ ဆရာမ EP က တပ်ရင်း အနီးမှာ ပြည်သူကုသရေး ဆေးခန်းကို ဒေသခံ များကုသနိုင်အောင် ဖွင့်ပေးခဲ့တယ်လို့ ပြောပါ တယ်။
မြိုင်မြို့နယ် ကြားကာလ မူလတန်းကလေးများ အတွက် ဆေးဝါး မလုံလောက်တဲ့ အခက်အခဲ တွေလည်း ရှိတယ်လို့ အသိပေး ပြောကြားခဲ့ပါတယ်။