မွန်ပြည်နယ် ၊ ကျိုက်ထိုမြို့နယ်က အကြမ်းဖက်စစ်ကောင်စီရဲ့ မရမ်းချောင် (ရွှေဖြူ) အကျဉ်းဦးစီး လက်ထောက်ညွှန်ရေးမှူး စင်းအောင်(ခ) ဝင်းအောင် ( စစ်မှုထမ်းဟောင်း ဗိုလ်ကြီး) ဆိုသူကို ကျိုက်ထို တော်လှန်ရေးအင်အားစု (KRF) နဲ့ ကျိုက်ထိုပကဖ ပူးပေါင်းအဖွဲ့က စစ်ရေးပစ်မှတ် အဖြစ်သတ်မှတ်ပြီး သုတ်သင်ရှင်းလင်းလိုက်တယ်လို့ KYAIKHTO REVOLUTION FORCE (KRF)က ဒီနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
အကြမ်းဖက်စစ်တပ်ရဲ့ အကျဉ်းဦးစီးဌာနက လက်ထောက်ညွှန်မှူးကို မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ယက္ကန်းသည်မကျေးရွာအတွင်း မယားငယ်နေအိမ်ရှေ့မှာပြီးခဲ့တဲ့ ဧပြီ ၂၉ရက်၊ မနက် ၁၁နာရီ ၁၁မီနစ်မှာ ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာမှာပဲ ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ အသိပေးထားပါတယ်။
“အဲဒီ ဦးစင်းအောင်က စစ်မှုထမ်းဟောင်း ဗိုလ်ကြီးတစ်ဦးဖြစ်ပြီး လက်နက်လည်း ကိုင်ဆောင် ထားကာ တော်လှန်ရေးအဖွဲ့တွေရဲလ သတင်းတွေကို ကိုယ်တိုင်စုံစမ်း စစ်တပ်နဲ့ ရဲကို သတင်းပေး တာ တော်လှန်ရေးလုပ်ငန်းတွေကို နှောင့်ယှက်တာတွေကျူးလွန်လို့ ပစ်ခတ်ရှင်းလင်းရတာဖြစ်ပြီး သူ့ဆီက သက်သေခံပစ္စတိုတစ်လက်နဲ့ဝန်ထမ်းကတ်ကို သိမ်းဆည်းရရှိခဲ့တယ်”လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဆိုပါ တိုက်ခိုက်မှုအတွင်း ပြည်သူ့ပူးပေါင်းအဖွဲ့တွေ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
KRF ကတော့ စစ်အာဏာရှင်စနစ် ကျဆုံးတဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်ပြီး ပြည်သူလူ ထုရဲ့ အသက်အိုးအိမ် စည်းစိမ်ကို အသက်ပေးကာကွယ်စောင့်ရှောက်သွားမယ်ဆိုတာ ကတိပြု တယ်လို့ ဆိုပါတယ်။
REVOLUTION FORCE (KRF)က ပြည်သူလူထုအပေါ် တစ်စုံတစ်ရာ ထိခိုက်နစ်နာ ပျက်စီးဆုံးရှုံးစေမယ့် ဖောက်ခွဲ ပစ်ခတ်မှုတွေကို ပြုလုပ်တာမျိုး လုံးဝမရှိပါကြောင်းနဲ့ အဖွဲ့ရဲ့ စစ်ရေးပစ်မှတ်ထားတိုက်ခိုက်တာတွေကို ပြည်သူထံကို အစီရင်ခံတင်ပြသွားမယ်လို့ ထုတ်ပြန်ချက် မှာ အသိပေးဖော်ပြထားပါတယ်။