စစ်ကိုင်းတိုင်း၊ကောလင်းမြို့နယ်၊ခံသာကျေးရွာတွင် ဒေသပြည်သူများက လျှပ်စစ်မီးဖြတ်တောက်မှုနှင့် ပတ်သက်၍ ယနေ့ မေလ ၃ ရက်နေ့တွင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
ပြည်သူများက လျှပ်စစ်မီးဖြတ်တောက်မှုနှင့် ပတ်သက်၍ တာဝန်ရှိသူများ ဖြစ်သည့် ကောလင်းခရိုင် ပအဖ တာဝန်ခံဦးမင်းနောင် နှင့် ကောလင်းမြို့နယ်လျှပ်စစ်မီးတာဝန်ခံ ပေါက်ကြီး တို့ကို ဆန္ဒထုတ်ဖော်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရှိရသည်။