ရန်ကုန်မြို့ မြောက်ဥက္ကလာမြို့နယ်ရှိ ကျောင်းတစ်ကျောင်းတွင် “တော်လှန်ရေးက မပြီးသေးဘူးနော်” စာတန်းကို တော်လှန်လူငယ်များက ယနေ့ မေလ ၃ ရက်နေ့တွင် ချိတ်ဆွဲခဲ့ကြောင်း သိရှိရသည်။
အဆိုပါ စာတန်းကို ပြည်သူများ အချင်းချင်း သွေးမကွဲဘဲ စည်းလုံးညီညွတ်စေရန်နှင့် တော်လှန်ရေးမပြီးသေးချိန်တွင် နေရာလိုချင်သူများအတွက် ရည်ရွယ်ကြောင်း၊ လူထုလွတ်မြောက်ရေးအတွက် တော်လှန်ရေးကို အားကုန်ထည့်ပြီး ကြိုးစားပေးကြရန်နှင့် အဖိနှိပ်ခံ ပြည်သူကိုသာ မျက်နှာမူပေးကြရန် တိုက်တွန်းလိုသည့်အတွက် ချိတ်ဆွဲရခြင်း ဖြစ်ကြောင်း သိရှိရသည်။