အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၁) စစ်ဒေသ ကွပ်ကဲမှုအောက်မှာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ကျ ဆုံးတဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ မနေ့က ကျရောက်ခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF (၃) နှစ်ပြည့်မှာ ကတိပြု ထုတ်ပြန်ခဲ့ ပါတယ်။
တပ်ရင်း(၃)အနေနဲ့ တော်လှန်ရေးအစပြုတဲ့ အချိန်မှ ဒီနေ့ အချိန်ထိ လူထုကိုယ်စားပြု တပ်မတော်အဖြစ် စစ်ဒေသရဲ့ ကွပ်ကဲမှု အဆင့်ဆင့်အောက်မှာ စည်းကမ်းကျ၊ အမိန့်နာခံတဲ့ တပ်ရင်း တခု အနေနဲ့ ရပ်တည်ခဲ့တယ်လို့ဆိုပါတယ်။
ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ (၃) နှစ်တာ ကာလအတွင်း တပ်ရင်းပေါင်းများစွာ၊ မြို့နယ် အခြေပြု ကာကွယ်ရေးအဖွဲ့များ ဖွဲ့စည်းနိုင်ခဲ့ပြီး၊ လူမျိုးစု လက်နက်ကိုင်အဖွဲ့တွေနဲ့လည်း ခိုင်မာတဲ့ ကတိကဝတ်တွေနဲ့ ဟန်ချက်ညီ ပူးပေါင်းဆောင်ရွက်နေတာကို လေးစား ဂုဏ်ယူစွာ တွေ့မြင်နေရတယ်လို့ ဖော်ပြထားပါတယ်။