မကွေးတိုင်း၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့နယ်အနီးကို စလင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ ရောက်လာကာ လမ်းပိုင်းလုံခြုံရေး အဖြစ် ဆောင်ရွက်ခဲ့တယ်လို့ စလင်း ပြည်သူ့ကာကွယ်ရေး အဖွဲ့က ဒီနေ့မှာ ပုံနဲ့တကွ ထုတ်ပြန်ပါတယ်။
ဆင်ဖြူကျွန်းမြို့နယ် ၊ နွယ်တမာရွာ အကြားမှာရှိတဲ့ စလင်းချောင်းကို ဆက်သွယ်ထားတဲ့ နွယ်တမာ တံတားပေါ်အနီးကို မေ ၅ ရက်၊ မနက် ၉ နာရီ ၊မိနစ် ၃၀ အချိန်မှာ ပကဖ ရဲဘော်များ ရောက်ရှိလာကာ ခရီးသွားပြည်သူများ၊ဒေသခံများကို အားပေးစကားပြောခဲ့ပြီး လမ်းလုံခြုံရေး စစ်ဆေးမှုများ ပြုလုပ်ခဲ့တယ်လို့ အသိပေးပါတယ်။
စလင်းမြို့နယ် နယ်နမိတ် လမ်းပိုင်းများ ဖြတ်သန်းသွားလာ အသုံး ပြုမယ့် ခရီးသွားများ အနေနဲ့ ဒေသခံ ကာကွယ်ရေးအဖွဲ့များ၊ မြို့နယ် တော်လှန်ရေးအဖွဲ့များ လုံခြုံရေးအရ စစ်ဆေးရာတွင် ပူးပေါင်းပါဝင်ပေးဖို့၊ အိမ်စီးကားများ မှန်ချ မောင်းနှင်ပေးကြဖို့ အသိပေး တိုက်တွန်းထားပါတယ်။
စစ်ရေးဆောင်ရွက်မှုများ ပြုလုပ်ရာမှာ ထုတ်ပြန်ချက်နဲ့အညီ ပူးပေါင်းဆောင်ရွက်ကြဖို့နဲ့ ပူးပေါင်း ဆောင်ရွက်မှာ မရှိလို့ ပြဿနာ တစုံတရာ ဖြစ်လာပါက တာဝန်ယူမှာ မဟုတ်ဘူးလို့ စလင်း ပကဖ မှ သတိပေးချက်ထုတ်ပြန်ခဲ့ပါတယ်။