ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်၊ ဧရာ၀တီမြစ်ကူးတံတား(စင်းခန်း)နှင့် လုံခြုံရေးဂိတ်စခန်းကို KIA ဦးဆောင်သော တော် လှန်ရေးတပ်များက သိမ်းပိုက်ရရှိကြောင်း KIA သတင်းရင်းမြစ်က ပြောဆိုသည်။
ယနေ့ နံနက် ၅ နာရီမှစတင်ပြီး မိုးမောက်မြို့၊ မံစီမြို့နှင့် ဗန်းမော်မြို့ရှိ စစ်ကောင်စီစခန်းများကို KIA ဦးဆောင်သော တော် လှန်ရေးတပ်များက စတင်တိုက်ခိုက်ခြင်းဖြစ်ကြောင်း၊ ဗန်းမော်မြို့နယ်ရှိ စင်းခန်း စစ်စခန်း၊ ဧရာဝတီမြစ်ကူးတံတားလုံ ခြုံရေးဂိတ်စခန်း၊ စင်းခန်းချောင်းကူးတံတားလုံခြုံရေးကင်းစခန်း၊ စင်းခန်းနယ်မြေ ရဲစခန်းတို့ကို သိမ်းပိုက်ရရှိထားကြောင်း သိရှိရသည်။
“မံစီကတော့ မြို့မရဲစခန်းအနားထိ တိုက်ပွဲဖြစ်နေတယ်။ မိုးမောက်မြို့မှာလည်း တိုက်ပွဲပြင်းထန်နေတယ်။ စစ်ရေးကတော့ အားသာနေတယ်။ ဗန်းမော်၊ စင်းခန်းရွာနားမှာရှိတဲ့ စခန်းတွေအားလုံးတော့ ရပြီ။ ဧရာ၀တီမြစ်ကူးတံတား(စင်းခန်း)ကိုလည်း ထိန်းချုပ်ထားတယ်။ စင်းခန်းရွာစစ်စခန်းနားက စစ်တပ်က ၁ နာရီ လောက်ပဲ ပစ်ခတ်ပြီးတော့ အကုန်ထွက်ပြေးကြတာ။ နယ်မြေရှင်းလင်းရေးတွေလည်း လုပ်နေပြီ” ဟု KIA ရှေ့တန်းသတင်းရင်းမြစ်က ရှင်းပြသည်။
ကချင်ပြည်နယ်တွင် မတ်လ ၇ ရက်နေ့မှ စတင်ခဲ့သော စစ်ဆင်ရေးများအတွင်း စစ်ကောင်စီတပ်၏စခန်းပေါင်း ၁၀၀ နီးပါးကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက သိမ်းပိုက်ရရှိထားပြီးဖြစ်ကြောင်း သိရှိရသည်။