ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ထီဗွာကျေးရွာမှာ ကိုယ်ဝန်ဆောင်သည်အမျိုးသမီးတစ်ဦးအပါအဝင် ၉ဦးကို အကြမ်းဖက်စစ်ကောင်စီတပ်က လူသားဒိုင်းအဖြစ် အသုံးပြုဖို့ ဖမ်းဆီးထားတယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)က ဒီနေ့ နေ့လည်မှာ ထုတ်ပြန်လိုက်ပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ်က ထီဗွာကျေးရွာကို စစ်ကြောင်းထိုးလာချိန် ကြောက်ရွံ့တာကြောင့် စစ်ဘေးရှောင်ဖို့ ပြင်ဆင်နေတဲ့ ဒေသခံတွေကို အကြမ်းဖက်စစ်ကောင်စီတပ်က ဖမ်းဆီးထားတာဖြစ်ပြီး လက်ရှိအချိန်ထိ ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးဘူးလို့ ဆိုပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ်က ဖမ်းဆီးထားတဲ့ ဒေသခံများမှာ အမျိုးသား ၅ဦး၊ အမျိုးသမီး ၄ဦးတို့ဖြစ်ပြီး အမျိုးသမီးထဲမှာ ကိုယ်ဝန်သည်အမျိုးသမီးတဦးလည်းပါဝင်တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် ကျေးရွာအတွင်းကို ပစ္စည်းပြန်သယ်တဲ့ ထီဗွာကျေးရွာသားတစ်ဦးမှာလည်း စစ်ဘေးရှောင်ရာ နေရာကို ပြန်မရောက်လာဘဲ ပျောက်ဆုံးနေတာ ၂ရက် ရှိပြီဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။