ကရင်နီအမျိုးသားကာကွယ်ရေးတပ်ကတော့ တပ်ရင်း အမှတ် ၂၅ ကို တပ်ရင်းအသစ်အဖြစ်နဲ့ ဒီနေ့မှာ စတင်ပြီး ဖွဲ့စည်းတည်ထောင်လိုက်တယ်လို့ KNDF/B-25 က သတင်းထုတ်ပြန် လိုက်ပါတယ်။
KNDF အမှတ် (၇) ဗျူဟာမှ ဦးစီးဖွင့်လှစ်တဲ့ အခြေခံ စစ်သင်တန်းကို ပြီးခဲ့တဲ့ ဧပြီ ၃၀ ရက်မှာ တက်ရောက်ပြီးစီးခဲ့ပြီး၊ တပ်ရင်း အမှတ် (၂၅) အဖြစ် စတင်ဖွဲ့စည်းခဲ့တယ်လို့ ဆိုပါတယ်။
အမှတ် (၂၅) တပ်ရင်းမှ ရဲဘော်/ရဲမေ များမှ တပ်ရင်းစတင်ဖွဲ့စည်း ဖို့အတွက် အဘက်ဘက်မှ ဝိုင်းဝန်းကူညီပံ့ပိုးပေးတဲ့အယောက် ချင်းစီတိုင်းကိုလည်း အထူးကျေးဇူးတင်ရှိတယ်လို့ ဖော်ပြထား ပါတယ်။