ပူတာအိုခရိုင် ဆွမ်ပရာဘွမ်မြို့သိမ်းတိုက်ပွဲမှာ အကြမ်းဖက် စစ်ကောင်စီတပ်သားတစ်ဦးကို တစ်ဦး ချင်း နပန်းလုံး သတ်ပုတ်နိုင်ခဲ့တဲ့ တပ်သားကို ဆုငွေ ၁၀ သိန်းကျပ်ချီးမြှင့်ခဲ့တယ်လို့ Kagabu People’s Force ( KPF) က ဒီနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
ဆွမ်ပရာဘွမ်မြို့သိမ်းတိုက်ပွဲမှာ ရဲဝံ့ပြတ်သားစွာ တိုက်ပွဲဆင်နွဲခဲ့ကြတဲ့ KIA ၊ KPDF နဲ့ ခါကာဘို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ KPF ပူးပေါင်းတပ်ဖွဲ့ကို ဂုဏ်ယူစွာဖြင့်အလေးပြုတာလို့ ဆိုပါတယ်။
” KPFရဲဘော်ဖြစ်သူက လက်နက်လတ် (RPG) ကိုင်ဆောင်နေသူဖြစ်၍ ရန်သူနှင့် အနီးကပ် အတွေ့မှာ ဆုံးဖြတ်ချက်ပြတ်သားစွာ ချက်ချင်းနပန်းလုံးကာ သတ်ပုတ်အနိုင်ယူနိုင်ခဲ့ ခြင်း ဖြစ်သည်” လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အကြမ်းဖက်စစ်တပ်ရဲ့ ဆွမ်ပရာဘွမ်မြို့ ၄၆ ဗျူဟာကုန်းစခန်းသိမ်းတိုက်ပွဲမှာ KPF တပ်ဖွဲ့၀င် တစ်ဦးဟာ ရန်သူနဲ့ တစ်ဦးချင်းနပန်းလုံးကာ သတ်ပုတ်အနိုင်ယူခဲ့တာပါ။
ရန်သူကို ရဲစွမ်းသတ္တိနဲ့ ပြတ်သားစွာအနိုင်ယူခဲ့တဲ့ KPFတပ်ဖွဲ့၀င်ဖြစ်သူကို စံပြတပ်ဖွဲ့၀င် အဖြစ်သတ်မှတ်ပြီး ဂုဏ်ပြုငွေသိန်း(၁၀)ကျပ်နဲ့တိုက်ပွဲ၀င်KPFတပ်ဖွဲ့ ၀င်အားလုံးအတွက် ဂုဏ်ပြုငွေသိန်း(၂၀) ကျပ်တိတ််ိကို KPF တပ်ဖွဲ့က ဆုချအသိမှတ်ပြုတာလို့ ဆိုပါတယ်။
ခါကာဘိုဒေသမှာ အထိုင်ချကာ ဒေသခံမိဘပြည်သူတွေကို အနိုင်ကျင့်အုပ်ချုပ်နေတဲ့ စစ်အာဏာ ရှင်လက်အောက်ခံအားလုံးကို KIA၊ KPDFနဲ့ KPFပူးပေါင်းတပ်တွေက အပြီးတိုင်တိုက်ခိုက် ချေမှုန်းသွားမှာဖြစ်ပြီး တိုက်ပွဲကို ရှေ့ကဦးဆောင်ကူညီကြတဲ့ KIA တပ်ဖွဲ့၀င်တွေနဲ့ KPDF တပ်ဖွဲ့၀င်အားလုံးကိုလည်း ဂုဏ်ယူစွာ အလေးပြုတယ်လို့ Kagabu People’s Force ( KPF) က ထုတ်ပြန်ပါတယ်။