စင်ကာပူနိုင်ငံမှာ မြင်းခြံ-ပဲခူး Generation Z -Group တို့ပူးပေါင်းပြီး၊ တော်လှန်ရေး ရန်ပုံငွေ အတွက် ပြုလုပ်ခဲ့တဲ့ ဖူဆယ်ဘောလုံးပြိုင်ပွဲမှ ရတဲ့ငွေများကို မွန်ပြည်နယ်အခြေပြု တော်လှန်ရေး အဖွဲ့အစည်းနဲ့ နေပြည်တော် မြို့ပြပြောက်ကျား စစ်တောင်းထံကို ငွေကျပ် သိန်း ၁၀၀ အသီးသီးထောက်ပို့လုပ်ခဲ့တယ်လို့ သိရပါတယ်။
စင်ကာပူနိုင်ငံရောက် GZ-Group တွေရဲ့ ခြောက်ကြိမ်မြောက် တစ်နှစ်ပြည့် ထောက်ပို့ ရန်ပုံငွေ ဘောလုံးပြိုင်ကို ဧပြီ ၁၄ ရက်မှာ ပြုလုပ်ခဲ့ပြီး၊ အဆိုပါပွဲမှ ရရှိငွေများကို (MSRO) မွန်တော်လှန်ရေးတပ်ဖွဲ့ နဲ့ နေပြည်တော် စစ်တောင်း မြို့ပြ ပြောက်ကျား တပ်ဖွဲ့တို့ကို သိန်း ၁၀၀ စီ ထောက်ပံ့ပေးခဲ့တယ်လို့ Myingyan Generation-Z Group မှ ထုတ်ပြန်ပါတယ်။
ထောက်ပို့ငွေ လက်ခံရရှိခဲ့တဲ့ (Mon State Revolutionary Organization- MSRO) မွန်ပြည်နယ် အခြေပြုတော်လှန်ရေးတပ် နဲ့ နေပြည်တော်စစ်တောင်း တပ်ဖွဲ့တို့မှ ငွေလက်ခံရရှိကြောင်း၊ ကျေးဇူး အထူးတင်ရှိကြောင်းပြန်လည် ပြောဆိုတာတွေကို ဗီဒီယိုဖိုင်နဲ့ ဖော်ပြပေးထားပါတယ်။