စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ ကဗျာဆရာ “ခက်သီ” ကျဆုံးခြင်း (၃)နှစ်ပြည့် အောက်မေ့ဖွယ်အခမ်းနားကိုစာချစ်သူ၊ ကဗျာချစ်သူတွေနဲ့ တော်လှန်ပြည်သူတွေက ပြုလုပ်ခဲ့ ကြပါတယ်။
အဆိုပါအခမ်းအနားမှာ ကဗျာဆရာ “ခက်သီ” ရဲ့ ကဗျာတွေကို အမှတ်တရရွတ်ဖတ်ခဲ့ပြီး “ခက်သီ” ရဲ့ တော်လှန်ရေးမှာ ပါဝင်ခဲ့ပုံတွေကို ရဲဘော်တဦးက ပြည်လည်ပြောပြ မှတ်တမ်းတင်ခဲ့ကြတယ်လို့ သိရပါတယ်။
ကဗျာဆရာ “ခက်သီ”ဟာ ပုလဲလူထုသပိတ်လှုပ်ရှားမှုတွေမှာလည်း တပ်ဦးကနေ ပါဝင်ခဲ့သလို စစ်အာသိမ်းမှုကို ကဗျာတွေနဲ့ ပြတ်ပြတ်သားသား တော်လှန်ဆန့်ကျင်ခဲ့သူတဦး ဖြစ်ပြီးတော့ ၂၀၂၁ခုနှစ် မေ ၉ရက်မှာ အကြမ်းဖက် စစ်တပ်က မတရားဖမ်းဆီးပြီး ရက်ရက်စက်စက် ညှင်းပန်းနှိပ်စက်မှုကြောင့် ကဗျာဆရာ “ခက်သီ” ဟာ စစ်ကြောရေးမှာ ကျဆုံးခဲ့ရတာပါ။