စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်တွင် ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်က ဦးဆောင်၍ မြန်မာဝမ်ပေါင်နှင့် ယမ်စီသတ္တုတွင်းလုပ်ငန်းများ လည်ပတ်ရန်ကြိုစားနေတာ ရပ်တန့်ပေးရန်လူထုသပိတ် လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လူထုသပိတ်တွင် “CHINA;Stop trying to operate Myanmar Wambo and Yang Tse Copper limited” မြန်မာဝမ်ပေါင်နှင့် ယမ်စီသတ္တုတွင်း လုပ်ငန်းများ လည်ပတ်ရန်ကြိုစားနေတာ ရပ်တန့်ပေး) “China Stop Killing Myanmar People Supported By Facscist Criminals” ၊ “အကြမ်းဖက်စစ်အုပ်စုနဲ့ပေါင်းပြီး မြန်မာပြည်သူ တွေကို သတ်နေတာ ရပ်တန့်ပေး” စသည့် စာသားများကို ကိုင်ဆောင်ပြီး ဒေသပြည်သူလူထုနှင့် စစ်အာဏာရှင်အမြစ်ဖြတ်ရေး လူထုသပိတ်ကို ထွက်ရှိခဲ့ကြောင်း သိရသည်။