တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်တွင် ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီက ဦးဆောင်ပြီး စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ လှုပ်ရှားမှုတွင် အမေရိကန်(USA)၊ ယူကေ(UK)နဲ့ ဥရောပသမဂ္ဂ(EU) တို့အနေနှင့် မြန်မာစစ်ကောင်စီကို လေယာဥ်ဆီတင်ပို့ ရောင်းချနေမှုများကို ပိတ်ပင်တားဆီးပေးရန် တောင်းဆိုခဲ့ကြကြောင်း သိရှိရသည်။