မုံရွာမြို့နယ်ရှိ ကျေးရွာ ၅ ခုတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုနှင့် ရုပ်ရှင်ပြပွဲများကို မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီက ကျောင်းသားလူငယ်များနှင့် လက်တွဲ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ရုပ်ရှင်ပြပွဲများနှင့်အတူ ဒေါင်းမျိုးဆက် သံချပ်များကိုပါ ရောနှောတင်ဆက်ခဲ့ကြပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံများကို ကျေးရွာလူထုအသီးသီးမှ ဟစ်ကြွေးခဲ့ကြကြောင်း သိရှိရသည်။