စစ်ကိုင်းတိုင်း ယင်းမာပင် ဆားလင်းကြီး ရွာပေါင်းစုံသပိတ်စစ်ကြောင်း ၁၁၁၂ ရက် ပြည့်မြောက်သည့်နေ့တွင် ဒေသတွင်းသပိတ်အင်အားစုများ၊ စစ်ရှောင်ပြည်သူများ ပူးပေါင်းကာ စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်ကို ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါသပိတ်တွင် မြန်မာယန်စီနှင့် မြန်ဝမ်ပေါင် ကုမ္ပဏီတို့က သတ္တုတွင်း လုပ်ငန်း လည်ပတ်ရန် ကြိုစားနေတာကို ရပ်တန့်ရန်၊ စစ်အကြမ်းအုပ်စုနှင့် ပေါင်းပြီး မြန်မာပြည်သူများကို သတ်နေတာ ရပ်တန့်ရန် “CHINA; Stop trying to operate Myanmar Wambo and Yang Tse Copper limited” ၊ “China Stop Killing Myanmar People Supported By Facscist Criminals”စသည့် စာသားများ ကိုင်စွဲကာ ချီတက်ခဲ့ကြကြောင်း သိရသည်။