ပြည်သူတွေရဲ့ ကူညီဖေးမမှုနဲ့ ကျည်ကာပြား ၁၀၀ နဲ့ ကျည်ကာ ဦးထုပ် ၁၀၁ လုံးရောက်ရှိခဲ့ပြီလို့ တောင်ပိုင်းစစ်ဒေသ ၊ စစ်ဒေသ ခွဲ အမှတ် (၃) ကွပ်ကဲမှုအောက် ဒေါနစစ်ကြောင်းက ပြောပါ တယ်။
ဗျူဟာ ၃၃ စစ်ဆင်ရေးနယ်မြေမှာ အခြေချ လှုပ်ရှားနေတဲ့ PDF ဒေါန စစ်ကြောင်းထံကို မနေ့က အသက်ကယ် ကျည်ကာ၊ ဦးထုပ် တို့ ရောက်ရှိခဲ့ပြီး ပထမအကြိမ် တပ်ခွဲ (၇) ၊ တပ်ခွဲ (၄) နဲ့ စစ်ကြောင်း အတွင်း မတပ်ဆင်ရသေးတဲ့ ရဲဘော်အချို့ကို တပ်ဆင်ပေးသွားမှာ လို့ သိရပါတယ်။
ဒေါနစစ်ကြောင်း စစ်ရေးဌာနမှ ရဲမေ Scarlett က “ အသက်ကယ်ပစ္စည်းတွေကို တပ်ခွဲတိုင်းမတပ် ဆင်နိုင်သေးဘူး၊ အခုက တပ်ခွဲ (၄/ ၇) ကိုတပ်ဆင်တာပါ၊ တပ်ခွဲ (၆) ကတော့ လုံးဝ မတပ်ဆင်ရသေးပါ၊ တပ်ခွဲ (၁/၂) က တပ်ဆင်ထားပေမယ့် အနည်းငယ် ကျန်ပါသေးတယ်လို့” ပြောပါတယ်။
ဒေါနစစ်ကြောင်းမှာ တပ်ခွဲ(၁) မှ တပ်ခွဲ (၈) အထိရှိပြီး၊ ကော့ကရိတ် ၊မွန် ၊ တနင်္ဿာရီတို့ အထိ စစ်ရေးလှုပ်ရှားမှု နယ်မြေတွေမှာ တော်လှန်ရေး ပူးပေါင်း အဖွဲ့ များနဲ့ ရင်ဆိုင်တိုက်ပွဲဝင်နေတယ်လို့ ဆိုပါတယ်။
ရဲမေ Scarlett “ကျမတို့ စစ်ကြောင်းရဲ့ စနိုက်ပါ တလက် ဝယ်ယူနိုင်ရေး ပြည်တော်ဝင် ပစ်ချက် ကိမ်ပိန်းလုပ်နေတာ ရှိတယ်၊ သတ်မှတ်ရက်ကျော်သွားပြီ။ ၃၁ ရာခိုင်နှုန်းဘဲရသေးတယ်၊ စနိုက်ပါ တာဝန်ခံက ပြီးခဲ့တဲ့ အကြမ်းဖက်စစ်တပ် ခလရ ၂၉၉ နဲ့ ရင်ဆိုင်တိုက်ပွဲမှာ ကျသွားခဲ့တဲ့အတွက် ကမ်ပိန်းခန ရပ်နားထား ရတယ်” လို့ ပြောပါတယ်။
ရှေ့တန်းမှာ အသက်စွန့် တိုက်ပွဲဝင်နေတဲ့ ရဲဘော်တွေအတွက် အသက်ကယ် ကျည်ကာ၊ဦးထုပ်တို့မှာ အရမ်းအရေးပါပြီး၊ မကျဆုံးသင့်ဘဲ ကျဆုံးသွားရတဲ့ အဖြစ်မျိုး မရှိရလေအောင် အခုလို တပ်ဆင်ပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိတယ်လို့လည်း ဒေါနစစ်ကြောင်းက အသိပေးထား ပါတယ်။