ပူးပြင်ခြောက်သွေ့တဲ့ကာလမှာ ကရင်နီဒေသက စစ်ရှောင်ပြည်သူတွေအတွက် သောက်သုံးရေ လိုအပ်နေတယ်လို့ ကရင်နီပြည် စစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးကွန်ရက်က ပြောပါတယ်။
“အလှူရှင်တွေရဲ့ကူညီမှုနဲ့ကရင်နီပြည် စစ်ဘေးရှောင် စခန်းရေလိုအေးတဲ့ဘဝမျိုးရရှိဖို့ ရေလိုအပ်တဲ့ စစ်ရှောင်ပြည်သူတွေအတွက် ရေလာလှူပေးကြပါ”လို့ ဆိုပါတယ်။
အလှူရှင်တွေရဲ့ကူညီမှုနဲ့ ကရင်နီပြည် စစ်ဘေးရှောင်စခန်း အချို့ကို ရေတင်ဖို့ဆီဖိုးအပြင် မကြာခင်ရောက်လာမယ့် မိုးရာသီမှာ စစ်ရှောင်တွေနေရာထိုင်ခင်းအဆင်ပြေဖို့အတွက် မိုးကာများ ကိုလည်း ပေးလှူနိုင်တယ်လို့လည်း ဆိုပါတယ်။