စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် မိုင်းရှင်းထွက်လာသော စစ်သားသုံးဦး ပစ်ခတ်တိုက်ခိုက် ခံရပြီး နှစ်ဦးသေဆုံးကာ သေနတ်နှစ်လက်နှင့် ခဲယမ်းများသိမ်းဆည်းခံရကြောင်း သတင်းရရှိသည်။
မေလ ၂၁ရက်က မုံရွာ – မန္တလေးလမ်းပိုင်းတွင် ကြေးနီတင်ယာဉ်များအတွက် မိုင်းရှင်းပေးရန် ထွက်လာသော ချောင်းဦးမြို့နယ် မီးသတ်ရုံးမှ စစ်သားသုံးဦးအား ပစ်ခတ်တိုက်ခိုက်ရာ နှစ်ဦး ပွဲချင်းပြီးသေဆုံးပြီး တစ်ဦးထွတ်ပြေးလွတ်မြောက်သွားကြောင်း BRAVE HEART ARMY-BHA၏ တာဝန်ရှိသူက ပြောသည်။
“ကြေးနီယာဉ်တန်း လမ်းကင်းယူမိုင်းရှင်းထွတ် လာတာ။ ကျွန်တော်တို့က ခြုံခိုတိုက်ခိုက်ခဲ့တာပါ။ ကျွန်တော်တို့ရှားထိုးတက်ပြီး သိပ်တာမို့ နှစ်ကောင်၊ နှစ်လက် ရလိုက်တာပါ။ ရှားထိုးတက်တယ်ဆိုတာ သူတို့ပိုင်နက်ကို ကျွန်တော်တို့တက်ပြီးပစ်တာကိုပြောတာ။ ဆိုလိုတာကသူတို့ကအကာကွယ်ကောင်းတယ်။ ကျွန်တော်တို့က ပြင်ကြီး(အကာအကွယ်မရှိ)ကနေတက်တာ။”ဟု BRAVE HEART ARMY-BHA၏ တာဝန်ရှိသူက ပြောသည်။
သေဆုံးစစ်သားနှစ်ဦးထံမှ MA11 ၂လက်၊ ကျည်ဘောက် သုံးခုနှင့် လက်ပစ်ဗုံး တစ်လုံး၊ 5.56ကျည် ၄၀တောင့်၊ ဦးထုပ် နှစ်လုံး သိမ်းဆည်းခဲ့ကြောင်း BHAက အသိပေးသည်။
အဆိုပါ စစ်ဆင်ရေးအား လက်နက်အခက်အခဲရှိ၍ MONYWA SPECIALဒိတ်ဒိတ်ကြဲနှင့် Yourth Revolution Attack Forceတို့ထံမှ ငှားရမ်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လက်နက်နှင့်ကျည်အခက်အခဲလိုအပ်နေသည်ဟု BHAက ထပ်မံအသိပေးသည်။
BRAVE HEART ARMY -BHAအဖွဲ့သည် မေလ ၇ ရက်ကလည်း မုံရွာမြို့နယ်၊ ဗောဓိတစ်ထောင် တာဝါတိုင်စခန်းရှိ စစ်သားများအား တိုက်ခိုက်ခဲ့ရာ နှစ်ဦးပွဲချင်းပြီးသေဆုံးပြီး G3သေနတ်တစ်လက် သိမ်းဆည်းရမိခဲ့သေးသည်။