စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ကြားကာလ ပညာရေး အထက်တန်းကျောင်းက Grade-12 ၁၂ တန်း ကျောင်းသူ၊ ကျောင်းသားများအတွက် အညာပစ်တိုင်းထောင်လေးများ အဖွဲ့မှ စာသင်ဆောင် ဆောက်လုပ်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
နွေဦးကံကော် – ပထက ပြည်သူ့အခြေပြုကျောင်းရဲ့ ကျောင်းဆောင် သစ် ဆောက်လုပ်မှုဟာ ၆ ဆောင်မြောက် လှူဒါန်းမှုဖြစ်ပြီး၊ ငွေကျပ် ၃၁၃၆၉၅၀ ကုန်ကျခဲ့တယ်လို့ အညာပစ်တိုင်းထောင် လေးများအဖွဲ့မှ ဒီနေ့မှာ အသိပေးပါတယ်။
ကျောင်းဆောင်သစ်ဖွင့်ပွဲမှာ ကျောင်းသား၊ကျောင်းသူ ၅၀၀ ကျော်ကို မုန့်ဟင်းခါး နဲ့ မုန့်များ ကျွေးမွေးခဲ့ပြီး၊ ဧည့်ခံစရိတ် ၄၇၃၆၅၀ ကျပ် ကုန်ကျခဲ့တယ်လို့ ဆိုပါတယ်။
အညာပစ်တိုင်းထောင်လေးများအဖွဲ့ အနေနဲ့ မြို့နယ် ၄ မြို့နယ် အတွင်း စာသင်ဆောင် ၆ ဆောင် လှူဒါန်းခဲ့ပြီးဖြစ်တယ်လို့ ပြောပါတယ်။