အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဒုတိယဝန်ကြီး နိုင်ကောင်းရွတ်ဟာ တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ (၃)၊ Saw Dragon Drone အထူးတပ်ဖွဲ့သင်တန်းကို သွားရောက်စစ်ဆေးခဲ့ပါတယ်။
ပြည်ထောင်စုဒုတိယဝန်ကြီး နိုင်ကောင်းရွတ်ဟာ တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ (၃)ရှိပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ Saw Dragon Drone အထူးထပ်ဖွဲ သင်တန်း အပတ်စဉ်(၇) သင်တန်းဆင်းပွဲကို တက်ရောက်စစ်ဆေးကြည့်ရှုခဲ့တာလို့ သိရပါတယ်။
ဒုတိယဝန်ကြီးက သင်တန်းသားတွေကို လက်ရှိစစ်ရေးအခြေအနေတွေကို ပြောကြားခဲ့ပြီး ရဲဘော်တွေနဲ့ ရင်းနှီးစွာစကားပြောကြားကာ စိတ်ဓာတ်ခွန်အားပေးတာတွေကို ဆောင်ရွက်ခဲ့ပါတယ်။