မန္တလေးမြို့ ၊ချမ်းမြသာစည်မြို့ထဲက စစ်ကောင်စီ ရဲ့မြဝတီဘဏ် မေလ ၂၁ ရက် မနက်ပိုင်းက လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခံရတယ်လို့ဒေသခံတွေထံကသိရပါတယ်။
မနက် ၁၁ နာရီဝန်းကျင်မှာ ဆိုင်ကယ်စီးလာတဲ့ အမျိုးသား ၂ဦးက ဘဏ်ကို လက်ပစ်ဗုံးနဲ့ပစ်ရာမှာ ဘဏ် ရှေ့ကိုကျရောက်ပေါက်ကွဲတာလို့သိရပါတယ်။
အဲဒီဖြစ်စဉ်မှာ ထိခိုက်ဒဏ်ရာရသူမရှိဘူးလို့ စစ်ကောင်စီ ဘက်က ဆိုထားပါတယ်။ ဒါပေမယ့် ဘဏ်အဝင်အဝ နေကာ မှန်ချပ် ထိခိုက်ပျက်စီးသွားတယ်လို့စစ်ကောင်စီက ဓာတ်ပုံတွေထုတ်ပြန်ထားပါတယ်။
မြဝတီဘဏ်ရှေ့မှာ ပုံမှန်အားဖြင့် စစ်ကောင်စီတပ်ဟာ ဘန်ကာဆောက်ပြီး လုံခြုံရေးယူထားလေ့ရှိပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် မန္တလေးမှာ မြဝတီဘဏ်ရှေ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဗုံးနဲ့တိုက်ခိုက်ခံရတဲ့ဖြစ်စဉ်တွေရှိထားပါတယ်။
ပြီးခဲ့တဲ့ နှစ် စက်တင်ဘာလအတွင်း ချမ်းအေးသာစံမြို့နယ်ထဲက မြဝတီဘဏ် ဗုံးနဲ့ တိုက်ခိုက်ခံရပါသေးတယ်။