စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ ပုလဲလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီက ချိတ်ဆက်ပြီး Pale Workshop ကို (ပထမ)အကြိမ် အောင်မြင်စွာ ကျင်းပနိုင်ခဲ့တယ်လို့ အလုပ်ရုံဆွေးနွေးပွဲမှာ ပါဝင်သူ တစ်ဦးက ပြောပါတယ်။
(၂)ရက်တာကျင်းပခဲ့သော အလုပ်ရုံဆွေးနွေးပွဲမှ ဆွေးနွေးချက်များကို အကောင်အထည် ဖော်ဆောင်နိုင်မယ်ဆိုရင် ပြည်သူ့အုပ်ချုပ်ရေးယန္တရားဟာပိုမိုကောင်းမွန်လာပါလိမ့်မယ် ဆိုပြီး တော့လည်း ပုလဲလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီဝင် တစ်ဦးက ပြောပါတယ်။
အဆိုပါ Pale Workshop ကို မေ ၁၈ နဲ့ ၁၉ ရက် ၂ ရက်တာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး ပုလဲဒေသတွင်း တော်လှန်ရေးအင်အားစုအသီးသီး နဲ့ ပြည်သူတွေ တက်ရောက်ခဲ့ကြပါတယ်။
အလုပ်ရုံဆွေးနွေးပွဲမှာ ဒေသန္တရအုပ်ချုပ်ရေးနဲ့ ပတ်သတ်ပြီး ရင်ဆိုင်နေရတဲ့ အခက်အခဲ ပြဿနာများကို ရင်းနီးပွင့်လင်းစွာ ဆွေးနွေးတိုင်ပင်ခဲ့ကြတာပါ။