ZERO ပြောက်ကျားတပ်ဖွဲ့ မြင်းခြံတပ်ရင်းဌာနချုပ်မှ ရဲဘော်များအတွက် ယူနီဖောင်း၊ လက်နက်၊ ခဲယမ်း သိန်း ၅၀၃၃၇၅၀၀၀ ကျပ်၊ သိန်း ငါထောင်သုံးဆယ့်သုံးသိန်း ခုနှစ်သောင်းဖိုးဝယ်ယူ တပ်ဆင်နိုင်ခဲ့တယ်လို့ ကိုသက်ကြီးက ပြောပါတယ်။
“ ကျနော် တပ်ရင်းဌာနချုပ်မှာ နောက်ချန် အင်အားအဖြစ် ရှိနေတဲ့ ရဲဘော် ၈၀ အတွက် ယူနီဖောင်း နှစ်စုံစီ ၊အီကွေ့မန့် အပြည့်အစုံနဲ့ လက်နက်ခဲယမ်းတွေ တပ်ဆင်ခဲ့ပြီး၊ အလှူရှင်များသိရှိရအောင် တန်ဖိုးစာရင်း ထုတ်ပြန်ပေးခဲ့ တာဖြစ်တယ်” လို့ ZERO တပ်ဖွဲ့ခေါင်းဆောင် ကိုသက်ကြီး ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ၁၁ လပိုင်းမှ စတင်ကာ ၂၀၂၄ ခုနှစ် ၅ လပိုင်းအထိ မြေပြန့်လှိုင်းကမ်ပိန်း၊ အညာလခတ်မောင်းကမ်ပိန်း၊ ကွန်မန်ဒို ယူနီဖောင်းကမ်ပိန်း၊ ထောက်တွဲဝယ်ယူရန် ကမ်ပိန်း၊ လစဥ်မိသားစု အလှူငွေများ၊ ပြည်သူ တဦးချင်းလှူဒါန်းများမှ ရရှိငွေများနဲ့ တပ်ဆင်နိုင်ခဲ့တာလို့ ZERO တပ်ဖွဲ့ခေါင်းဆောင် ကိုသက်ကြီးက ပြောပါတယ်။
အဆိုပါ လက်နက်၊ ခဲယမ်းဝယ်ယူဖြည့်တင်းမှုမှာ အကြွေး သိန်း ၈၀၀ အကြွေးတင်ကျန်ရှိနေ သေးတယ်လို့ဆိုတာနဲ့ ZERO ပြောက်ကျားတပ်ဖွဲ့မှ တော်လှန်ရေးပြီးဆုံးတဲ့အချိန်ထိ ပြည်သူ နဲ့ တော်လှန်ရေး အပေါ် သစ္စာရှိသွားမယ်လို့ ပြောပါတယ်။