၁၈၈၉ မှာ ဗီယက်နမ်ဘုရင်ကြီး ဒေါင်ခန် ရှောသွားတော့ သူ့နေရာမှာ ရုပ်သေးဘုရင်အဖြစ် အစားထိုးဖို့ ပြင်သစ်တွေဟာ နန်းလျာရှာဖွေကြတယ်။
ဒေါင်ခန်ရဲ့သားကလည်း မွေးရာပါရောဂါသည်ဆိုတော့ ပြင်သစ်တွေက နန်းမတင်ချင်ကြဘူး။
သူတိို့ကိုပြဿနာမရှာပဲ ကြာကြာနေမယ့် ရုပ်သေးဘုရင်ပဲ လိုချင်တာကို။
ဒါနဲ့ပဲ..ဒေါင်ခန်ရဲ့ အရင်က ဗီယက်နမ်ဘုရင်ရဲ့ သားတော်ဖြစ်တဲ့ “တန်ထိုင်း” ဆိုတဲ့ (၁၁) နှစ်အရွယ် ငနဲလေးကို ထောင်ထဲကထုတ်ပြီး နန်းတင်လိုက်ကြတယ်။
မအူမလည်ဒီငနဲ ဟာ မျိုးချစ်စိတ်လည်း ဟုတ်တိပက်တိမရှိတော့ သူတို့အတွက် ပြဿနာမရှိနိုင်ဘူးပေါ့။
အစကတော့ ဟုတ်နေသေးတယ်။
အသက် ၁၅ နှစ်လောက်ကျတော့ ကိုယ်တော်လေးကမိဖုရားတွေ တယောက်ပြီးတယောက်ယူတယ်။
နန်းတော်ထဲက စော်မှန်သမျှ သူ့ကိုယ်လုပ်တော်ဖြစ်ကုန်ပြီ။
ဒါလည်း အမောင် ဖရန်စစ်တွေ အတွက် သည်းခံနိုင်သေးတယ်။
အဲ..ပိုဆိုးလာတာက..ဆရာသမားက ပြင်သစ်မ နှစ်ယောက်ကို သူ့အပျော်မယားဆိုပြီး နန်းတော်ထဲ ကောက်ခေါ်လာတာပဲ။
ဒါကျ သူတို့ကသာ အာရှသားစားချင်တာ…သူတို့ဆီက စော်တွေပါ ဒီဘုရင်က သမနေပြီဆိုတော့ ပြင်သစ်အစိုးရ က မကြည်တော့ဘူး။
နောက်ထပ်လည်း ဘုရင်က အဖြူမတွေချည်း သီးသန့်ဖိတ်ပြီး နန်းတော်ထဲပါတီတွေ ပေးနေတာဆိုတော့..မကြာခင်..သူတို့ ဥရောပသူတွေ ထပ်ပါချင်ပါနိုင်နေပြီ။
ပြဿနာက နိုင်ငံစုံက အဖြူမတွေ နန်းတွင်းရောက်လာရင် သူလျှိုမတွေလည်း ပါလာနိုင်တာကိုး။
ဒါနဲ့ ပြင်သစ်အစိုးရက ဘုရင်ကို အဖြူမတွေ ထပ် မယူဖို့ တိတ်တဆိတ်ဖိအားပေးတယ်။
တသက်လုံးက မျိုးချစ်စိတ်ဆိုတာကို ဘေးချပြီး ပြင်သစ်အလိုကျနေပေးခဲ့တဲ့ ရုပ်သေးဘုရင်လေးဟာ ဒါတော့ သည်းညည်းမခံဘူးတဲ့။
၁၉၀၅ မှာ တရုတ်ကိုထွက်ပြေးပြီး ပြင်သစ်တော်လှန်ရေးအုပ်စုတွေနဲ့ ပူးပေါင်းလိုက်ပါလေရော။
နောက်တော့ သူ့ကို ပြန်ဖမ်းမိတယ်။
သူ့ကို ရှင်ဘုရင်အဖြစ် ဆက်ထားပေးမယ်။
ဒါပေမယ့် နန်းတော်မှာမနေရပဲ.. ဗွန်တောင်အရပ်ကို ပို့ပစ်ပြီး..တော်လှန်ရေးထပ်မလုပ်ဖို့ ကတိပြုစေတယ်။
သူကလည်း ရဲရဲတောက်ပြန်တောင်းဆိုတယ်။
သူ့ကို မိဖုရား ၄ ယောက်နဲ့ အပျော်မယား (၂၀) ပေးထားရင်..ဘာနေနေ.. အိုကေတဲ့။
ပြင်သစ်ကလည်း..သဘောတူတယ်။
အဲ..အဆင်ပြေသွားလို့မှ.. မကြာသေး…ဂျာမန်ကုမ္ပဏီတွေဆီက ပြင်သစ်အစိုးရဆီ အကြွေးတောင်းစာတွေ ရောက်လာပါလေရော။
မင်းတို့တာဝန်ယူထားတဲ့ ဗီယက်နမ်ဘုရင် က သူ့စော်တွေအတွက် ဂျာမန်ဇိမ်ခံပစ္စည်းပေါင်းစုံ အကြွေးနဲ့ဝယ်ထားတာ…မင်းတို့တာဝန်ယူရမယ်တဲ့။
ပြင်သစ်ကလည်း ပထမကမ္ဘာစစ်တိုက်နေရလို့မွဲနေချိန်ဆိုတော့..စောက်ကြွေးပါလာတောင်းခံနေရတော့တင်းပြီလေ။
အကြွေးတွေဆပ်ပြီး..ဒီငတိကိုလည်း ထီးနန်းကနေ ဖယ်ရှားလိုက်ရတော့တယ်။
ဒါဟာလည်း နယ်ချဲ့ပြင်သစ်ကို အနုနည်းနဲ့တော်လှန်ရေးပုံစံအသစ်ပဲဗျ။
စော်ကြည်ရင်း တော်လှန်…တော်လှန်ရင်း စော်ကြည် ဆိုတာ ဒီဘဲမှ အစစ်။
ခက်ဇော်