ရေရှားပါးနေသော ရခိုင်မြောက်ပိုင်းဒေသက စစ်ဘေးဒုက္ခသည်များကို အာရက္ခပြည်သူ့အစိုးရက သောက်သုံးရေလှူဒါန်းပေးလျှက်ရှိကြောင်း သိရသည်။
ရေရှားပါးနေသည့် ရပ်ရွာ၊ မြို့များကို အခမဲ့ ဖြန့်ဝေပေးနေခြင်းဖြစ်ပြီး ဖော်ပြပါ ပုံများမှာ မေလ ၂၁ ရက်မှ ၂၄ ရက်အတွင်း ရသေ့တောင်မြို့နယ်က စစ်ရှောင်များနှင့် ပုဏ္ဏားကျွန်းမြို့နယ်က စစ်ရှောင်များအား သောက်သုံးရေ လှူဒါန်းပေးခဲ့ခြင်းဖြစ်သည်။