တောင်ကိုရီးယားနိုင်ငံ ဒယ်ဂူးမြို့တွင် စစ်အာဏာသိမ်းမှုအလိုမရှိဆန့်ကျင်ကြောင်းဆန္ဒပြပွဲကျင်းပခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ဆန္ဒပြပွဲတွင် နွေဦးတော်လှန်ရေးတက်ကြွလှုပ်ရှားသူ ဒယ်ဂူးဘုန်းဘုန်းက တော်လှန်ရေးကြာမြင့်လာသည်နှင့်အမျှ ငွေကြေးထောက်ပို့မှု အဓိကလိုအပ်ကြောင်း၊ ပြည်တွင်းပြည်ပရှိမြန်မာနိုင်ငံသူနိုင်ငံသားတို့ကို ထောက်ပို့မှုအရှိန်အဟုံမြင့်ပေးရန် အသိပေးတိုက်တွန်းစကားမိန့်ကြားခဲ့ကြောင်း သိရှိရသည်။