ရှမ်း-ကရင်နီပြည် အစပ်၊ မိုးမြဲ၊ ဖယ်ခုံ အခြေစိုက် မြို့ပြတော်လှန်ရေးတပ်ဦး (URF) တပ်ဖွဲ့ ဝင်များမှ ”ခုခံတော်လှန်သေနတ်သံ” ကမ်ပိန်း မဲလက်မှတ်များကို မြေပြင်ကွင်ဆင်းကာ ရောင်းချ နေတယ်လို့ ပြောပါတယ်။
“ခုခံတော်လှန်သေနတ်သံ” ကမ်ပိန်း မဲလက်မှတ်များကို ဇွန် ၁ ရက်မှ ၃ ရက်အတွင်း မြေပြင် ကွင်းဆင်းရောင်းခဲ့ရာ၊ လက်မှတ် အစောင် ၅၀ ကျော် ရောင်းချခဲ့ရတယ်လို့ သိရပါတယ်။
မြို့ပြတော်လှန်ရေးတပ်ဦး မြေပြင်ပြန်ကြားရေး တာဝန်ခံ မစကားဝါက “ ကျမတို့ လက်မှတ် တစောင်ကို ၃ သောင်းနဲ့ ရောင်းတယ်၊ ဒေသခံတွေမှာ တောင်ယာလုပ်တဲ့လူရှိတယ်၊ အခြေခံ လူတန်းစားတွေရှိတယ်၊ ဒါပေမယ့် တော်လှန်ရေးတပ်ဖွဲ့တွေကို အားပေးတယ်”လို့ ပြောပါတယ်။
Urban Revolutionary Front -URF မှ စတင်ပြုလုပ်တဲ့ မြို့ပြရှိုးဂမ်း ကမ်ပိန်းအကြီးမှာ ၄၀ ရာခိုင်နှုန်း ရရှိထားပြီး၊ ကမ်ပိန်း အငယ်ဖြစ်တဲ့ “ခုခံတော်လှန်သေနတ်သံ” ကမ်ပိန်းကို ဇွန် ၁ ရက်ကနေ ဇူလိုင် ၃၀ ရက်အထိ သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။
မြို့ပြတော်လှန်ရေးတပ်ဦးမှာ ဖယ်ခုံ-မိုးဗြဲဇုန်အတွင်း ၁၁၁၁၁ စစ်ဆင်ရေး စတင်တဲ့အချိန်မှ KNDF ၊ ဖယ်ခုံ PDF ၊မိုးဗြဲ PDF မဟာမိတ် တော်လှန်ရေးအင်အားစုများနဲ့ တိုက်ပွဲဝင်နေတဲ့ အဖွဲ့ ဖြစ်တယ်လို့ သိရပါတယ်။
တော်လှန်ရေး ကာလ ကြာမြင့်လာတာနဲ့အမျှ ကာကွယ်ရေး တပ်ဖွဲ့ များရဲ့ လက်နက်ခဲယမ်း၊ ဆေးကုသရေး၊ ရိက္ခာ စရိတ် စတဲ့ လိုအပ်ချက်ရှိနေပြီး၊ အခက်အခဲ၊အကြပ်အတည်းတွေကြားထဲမှ ထောက်ပို့ ပေးတဲ့ တဦးချင်းစီတိုင်းကို ကျေးဇူးအထူးတင်ရှိတယ်လို့ ပြောပါတယ်။
‘ခုခံတော်လှန်သေနတ်သံ’ ကမ်ပိန်းမှာ ပါဝင်ကူညီမယ်ဆိုရင် https://www.facebook.com/urbanrevolutionaryfront နဲ့ https://www.facebook.com/profile.php?id=61556950632132… ကနေ ဆက်သွယ်ပါဝင်နိုင်ပါတယ်။