မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် အကြောင်းအမျိုးမျိုးကြောင့် နေရပ်စွန့်ခွာလာရသော အိမ်နှင့်ဝေးကွာနေရသည့် မြန်မာပြည်သူများအတွက် ရည်ရွယ်ပြီး အိမ်လွမ်းသူ မြန်မာရုပ်ရှင်ပွဲတော်ကို ထိုင်းနိုင်ငံ၊ပြင်သစ်၊အင်ဒိုနီးရှားနိုင်ငံတို့၌ ပြသသွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းရုပ်ရှင်ပွဲတော်ကို Spirit in Education Movement (SEM) နှင့် Asia Justice and Rights – AJAR တို့ စီစဉ်ကျင်းပခြင်းဖြစ်ပြီး ချင်းမိုင်မြို့ ၊ မဲဆောက်မြို့၊ မဲဟောင်ဆောင်၊ ချင်းရိုင်၊ ဘန်ကောက်၊ ရနောင် နှင့် ပြင်သစ်နိုင်ငံ၊အင်ဒိုနီးရှားနိုင်ငံတို့၌လည်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ပြုလုပ်ရသည့် ရည်ရွယ်ချက်ကတော့ အာဏာသိမ်းပြီနောက် လေကြောင်းတိုက်ခိုက်မှု၊ စစ်မက်ပဋိ ပက္ခများ၊ CDM များ၊ စစ်မှုထမ်းဥပဒေကြောင့် ထွက်ပြေးလာသူများ၊ရွှေ့ပြောင်းအလုပ်သမားများ ၊ စစ်ဘေးရှောင်များစသည်ဖြင့် အကြောင်းအမျိုးမျိုးကြောင့် အိမ်နှင့်ဝေးနေရသည့် မြန်မာပြည်သူများ၏ ဘဝကို စာနာ နားလည်ကူညီဖြေရှင်းပေးနိုင်ရန်အတွက် ပြုလုပ်ရခြင်းဖြစ်ကြောင်း သိရသည်။
ယင်းရုပ်ရှင်ပွဲတော်တွင် စကားဝိုင်းအစီအစဉ် တေးဂီတနှင့် performance artsတို့ကို ထည့်သွင်းထားပြီး ထိုင်း-မြန်မာ တက်ကြွလှုပ်ရှားသူတွေအတွက် Dialogue space တခုအပြင် မြန်မာပြည်သူလူထု ရင်ဆိုင်နေရသည့် ဒုက္ခ အခက်အခဲ ဆင်းရဲဒုက္ခပြသနာများ ကို ထိုင်းအစိုးနှင့် နိုင်ငံရေးသမားများကြား ပိုမို သိရှိအောင် Advocate လုပ်ဖြစ်ကြောင်း သိရသည်။