သြစတြေးလျနိုင်ငံ၊ ပြည်နယ်လွှတ်တော် အမတ်များ၊ တာဝန်ရှိသူများနှင့် အမျိုးသားညီညွတ်ရေးအစိုးရ-NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်တို့ တွေ့ဆုံပြီး မြန်မာ့အရေး ဆွေးနွေးကြကြောင်း NUG က သတင်းထုတ်ပြန် သည်။
ဇွန်လ ၆ ရက်နေ့ ဩစတြေးလျနိုင်ငံ၊ ပြည်နယ်လွှတ်တော်တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်က တောင်သြစတြေးလျပြည်နယ်အစိုးရ ရိုးရာယဉ်ကျေးမှုရေးရာနှင့် ခရီးသွားလာရေးဝန်ကြီး Zoe Bettison၊ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် Tung Ngo MLC နှင့် John Fulbrook တို့နှင့် တွေ့ဆုံကာ မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၏ ဆောင်ရွက်မှုများ၊ မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ပြန်လည်ထူထောင်ရေး ချမှတ်ထားသည့် အစီအမံများကို အသိ ပေး ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
NUG ဝန်ကြီး ဒေါ်ဇင်မာအောင်က တွေ့ဆုံပွဲတွင် မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးနှင့် လူသားချင်းစာနာ ထောက် ထားမှုဆိုင်ရာ အကျပ် အတည်းနှင့်ပတ်သက်ပြီး ခြုံငုံသုံးသပ်ချက်ကို ရှင်းလင်းပြောကြားခဲ့ကြောင်း၊ ထို့ပြင် အမျိုးသားညီညွတ်ရေးအစိုးရ၏ ကြိုးပမ်းအားထုတ်မှုများအပေါ် နိုင်ငံတကာက ပိုမိုနားလည်ကာ ထိရောက်သည့် ပံ့ပိုးကူညီမှုများရရှိရေး၊ မြန်မာပြည်သူများ၏ အရေးတကြီးလိုအပ်ချက်များကို ကိုင်တွယ်ဖြေရှင်းရန် ရည်ရွယ်သည့် အမျိုးသားညီညွတ်ရေးအစိုးရ၏ မဟာဗျူဟာများ အကောင် အထည်ဖော်နေမှုကိုလည်း အလေးပေး ဆွေးနွေးကြောင်း သိရှိရသည်။
ဩစတြေးလျ ပြည်နယ်အစိုးရဝန်ကြီးနှင့် လွှတ်တော်အမတ်များက မြန်မာပြည်သူ များနှင့်အတူ ရပ်တည်လျက်ရှိကြောင်း၊ မြန်မာပြည်သူများ၏ ဒီမိုကရေစီ လိုလားချက်များကို ထောက်ခံသည်ဟု ပြောဆိုကြကြောင်း သိရှိရသည်။