“ကလစ်ကာ တစ်သောင်း စုကာနွှဲ ပြည်သူ့မိခင် မွေးနေ့ပွဲ ” ကမ်ပိန်း ကို ဒီနေ့ စတင်လိုက်ပြီလို့ Tha Din က သိရပါတယ်။
Tha Din App ကလစ်ကာကမ်ပိန်းကို ဇွန် ၁၀ရက်ကနေ ဇွန် ၁၉ရက်ထိပြုလုပ်သွားမှာဖြစ်တာကြောင့် ပါဝင်ပေးကြဖို့ ဖိတ်ခေါ်ထားပါတယ်။
” ကိုယ်တို့ ပြည်သူတွေဟာ ကောက်ရိုးမီးလိုမဟုတ်ကြောင်း နိုင်ငံ့အရေးဟာ ကိုယ့်အရေးအဖြစ် ခံယူထားပြီး လိုချင်တဲ့ပန်းတိုင်ဆီ ဘယ်လိုအခက်အခဲရှိရှိ အရောက်သွားနေကြောင်း အမေ သိရှိဝမ်းမြောက်စေဖို့ ရည်ရွယ်ပြီး ကမ်ပိန်းလေး လုပ်ဖို့ စိတ်ကူးပုံဖော်ဖြစ်တာပါ။ နေ့စဉ်သုံးတဲ့သူ တစ်သောင်းအထက်ရှိမှသာ ဆက်လက်ပြီး ထိထိရောက်ရောက် ထောက်ပို့နိုင်မှာမို့ နေ့စဉ် ကလစ်ကာ ၁၀၀၀၀ အထက်ရှိဖို့ အင်မတန်အရေးကြီးပါတယ်ခင်ဗျာ
ပြည်တွင်းက VPN တွေကို ပိတ်နေတာမို့ ပြည်ပရောက်နေသူတွေအနေနဲ့ Digital Strike တွေမှာ ပါဝင်ပေးစေချင်ပါတယ်။ အချိန်များများ မပေးနိုင်ရင်တောင် နေ့စဉ် ၃/၄/၅ ပုဒ်လောက် ဖတ်ပေးရင်ကို ရပါပြီ ” လို့ Tha Din က ဖော်ပြပါတယ်။
ကမ်ပိန်းမှာ ပါဝင်ချင်သူတွေအနေနဲ့ ကမ်ပိန်းပိုစ့်တွေကို RCS လုပ်ပေးတာ၊ ကလစ်ကာ တစ်သောင်း မြန်မြန်ရအောင်လို့ App ထဲက ကိုယ်သဘောကျတဲ့သတင်းရဲ့ Share ဆိုတာကိုနှိပ်ပြီး အပေါင်းအသင်းတွေဆီပို့ပေးတာ၊ ကမ်ပိန်းကာလမှာTha Din App ကို နေ့စဉ်သုံးပေးတာ၊ ကမ်ပိန်းပြီးသွားရင်လည်း နေ့စဉ် ဆက်ပြီးသုံးပေးတာတွေ လုပ်ပေးဖို့ လိုအပ်တယ်လို့ သိရပါတယ်။
ကမ်ပိန်းမှာပါဝင်သူတိုင်း ဆရာမနုယဉ်ရဲ့ လက်ရာဖြစ်တဲ့ အမေစုပုံနဲ့ ဂုဏ်ပြုမှတ်တမ်းလွှာလေး ထုတ်ပေးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။