တနင်္သာရီတိုင်း ၊ကံပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနစစ်ကြောင်းရဲ့ တပ်ခွဲ (၄) ကို ပြည်သူ့အားမာန်ထောက်ပို့အဖွဲ့မှ မြေပြင်ကို စားနပ်ရိက္ခာများ လာရောက်ပို့ဆောင်ရင်း ဆက်သွယ်ရေး ကွန်ယက် စတားလင့် ဝယ်ယူရန် ဘတ် ၇သောင်း ထောက်ပံ့ခဲတယ်လို့ ဒေါနတပ်ခွဲ (၄) အရာခံဗိုလ် ကိုခန့်က ပြောပါတယ်။
ဒေါနတပ်ခွဲ (၄) အရာခံဗိုလ် ကိုခန့်က “လာလှူတာတော့ ၅ လပိုင်း ၁၄ ရက်နေ့က၊ စက်ကအခုမှ ဝယ်ရလို့ပါ၊ စတားလင့် စက်တလုံး ဘတ် ၃ သောင်းခွဲ Power Station ၊ ဆိုလာ ၊အင်ဗာတာ ၊ ဘက်ထရီက ဘတ် ၃ သောင်းခွဲ ကုန်ကျခဲ့တယ်”လို့ ပြောပါတယ်။
စားနပ်ရိက္ခာအဖြစ် ဆန်၊ဆီ၊ဆား၊ ငါးခြောက်၊ ခေါက်ဆွဲခြောက်၊ ငါးသေတ္တာတို့ ပို့ဆောင်ပေးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။