မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဂွေးချိုရွာရှိ အကြမ်းဖက် စစ်တပ် လက်အောက်ခံ ပြည်သူ့စစ် အထိုင်စခန်းများကို ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Young Force – UG အဖွဲ့ထံမှ သိရသည်။
ဇွန်လ ၁၄ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်ခန့်တွင် ရေစကြိုမြို့နယ်၊ ဂွေးချိုရွာရှိ ပြည်သူ့စစ် အထိုင်စခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ရော့ကတ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယင်း တိုက်ခိုက်မှုအတွင်း တော်လှန်ရေး တပ်ဖွဲ့များက ရော့ကတ် ၁၀ လုံးကျော် ပစ်ခတ်ခဲ့ပြီး ပစ်မှတ်နေရာများကို ကျရောက်ပေါက် ကွဲခဲ့ကာ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ဒေါင်းအလံလွှင့်မည့် စေတမာန်၊ ဒေါင်းသွေးနီ နှင့် ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ၂ မှ Taty-Pku PDF ၊ Pakokku Underground Force ၊ Cobra One (Pakokku ) ၊ Young Force – UG တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။