စစ်ကိုင်းတိုင်း၊ ရေဦးမြို့ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး သေဆုံးခဲ့ကြောင်း ရွှေဘိုခရိုင် အမှတ် ၁၄ တပ်ရင်း (ရေဦး PDF) မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
ဇွန်လ ၁၅ ရက်နေ့ နံနက် ၁၀ နာရီ ၂၀ မိနစ်ခန့်အချိန် ရေဦးမြို့ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ တပ်စွဲထားသော ရေဦးမြို့ မြောက်ဘက် အထွက် ဂိတ်စခန်းကို ရွှေဘိုခရိုင် အမှတ် ၁၄ တပ်ရင်းက ဒရုန်းဖြင့် ဗုံးသီး ၆ လုံး ကျဲချ တိုက်ခိုက်ခဲ့ပြီး BE တပ်သားတစ်ဦးနှင့် ပျူစောထီး ၁ ဦး ပြင်းထန် ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ဇွန်လ ၁၃ ရက်နေ့တွင် ရေဦးမြို့၊ တိုင်းရင်းဆေးရုံ၌ တပ်စွဲထားသော စစ်တပ်ကို ဒရုန်းဖြင့် ဗုံးကျဲခဲ့ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
“ထိခိုက်သေဆုံးမှုကတော့ မသိရသေးဘူး။ လက်နက်ငယ်တွေနဲ့တော့ ပြန်ပစ်တာရှိတယ်။ ကျနော်တို့ ဘက်ကတော့ ပျက်စီးမှု၊ ထိခိုက်မှုမရှိပါဘူး။ ဇွန်လ ၁၃ ရက်နေ့က တိုင်းရင်းဆေးရုံမှာ ဒရုန်းနဲ့ ချလိုက်တာနဲ့ ၃ ကောင်သေတယ်” ဟု ရွှေဘိုခရိုင်တပ်ရင်း ၁၄ ရေဦး PDF တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။