စစ်ကိုင်းတိုင်း ၊ ရွှေဘိုမြို့နယ်မှာ ရွှေဘိုမြို့နယ် သပိတ်အင်အားစုက ဦးဆောင်ပြီးတော့ “ငုံ့မခံဘဲ တုံ့ပြန်မယ့် သံမဏိနှင်းဆီတွေ” ဆန္ဒပြလှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြပါတယ်။
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ဖြစ်တဲ့ ဇွန် ၁၉ ရက်အတွက် ရည်ရွယ်ပြီး မြန်မာနိုင်ငံ တဝန်းမှာ “ငုံ့မခံဘဲ တုံ့ပြန်မယ့် သံမဏိနှင်းဆီတွေ” ဆန္ဒပြလှုပ်ရှားမှုကို ပြုလုပ်နေကြတာပါ။