ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်က ညောင်လေးပင်တိုက်ပွဲမှာ သေဆုံးခဲ့တဲ့ စစ်ကောင်စီအလောင်းတွေ ၂ လကျော်ကြာတဲ့အထိလာရောက် ကောက်ယူတာမရှိလို့ တော်လှန်ရေးတပ်ဖွဲ့တွေက သဂြိုလ်ပေးနေရတယ်လို့ သိရပါတယ်။
လွန်ခဲ့တဲ့ ၂ လကျော် ဧပြီလ ၁၃ ရက်က စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ဖြစ်ပွားခဲ့တဲ့ ညောင်လေးပင်ရွာ စစ်မြေပြင်မှာ သေဆုံးခဲ့တဲ့ စစ်ကောင်စီတပ်သားတွေရဲ့ အလောင်းတွေကို ခုထိ စစ်ကောင်စီဘက်က လာရောက်ကောက်ယူတာ မရှိလို့ Bees Column (ပျားစစ်ကြောင်း)နဲ့ အလယ်ပိုင်းအထူးစစ်ဆင်ရေးအဖွဲ့က ယနေ့ ဇွန်လ ၁၆ ရက်မှာ ပူးပေါင်းရှင်းလင်းပြီး သဂြိုလ်ပေးခဲ့တာပါ။
“သူတို့လဲ လူဘဲလေ လူ့ဂုဏ်သိက္ခာနဲ့အညီဖြစ်သင့်ပါတယ်၊ သူတို့မိသားစုတွေလဲ ကောင်းကောင်းမွန်သဂြိုလ်ပေးစေချင်မှာဘဲ၊ ကျွန်တော်တို့လဲ အခုမှ လုပ်ပေးနိုင်လို့ လုပ်ပေးတာပါ”လို့ Bees Column စစ်ကြောင်းမှူး ကိုလင်းက မဲခေါင်သတင်းဌာနကိုပြောပါတယ်
တိုက်ပွဲအတွင်း စစ်ကောင်စီ ခမရ ၅၅၃ တပ်ရင်းက စစ်ကောင်စီတပ်သား ၄၀ ကျော် ကျဆုံးခဲ့ပြီး MOD ရှမ်းတောင် PDF တွေဘက်မှာ Bees Column စစ်ကြောင်း က ၁ ဦး၊ 1009IPDF က ၂ ဦးနဲ့ Free Burma Ranger(FBR) က ၁ ဦး စုစုပေါင်း ၄ ဦး ကျဆုံးခဲ့ရတယ်လို့ သိရပါတယ်။