မွန်ပြည်နယ်၊ ရေးမြို့နယ် အခြေစိုက် ခလရ ၁၀၆ မှ ဗိုလ်ကြီးကျော်မြင့်လွင်သည် လက်နက်၊ ခဲယမ်းများနှင့်အတူ အလင်းဝင်လာကြောင်း တောင်ညိုစစ်ကြောင်းက သတင်းထုတ်ပြန်သည်။
ဇွန်လ ၄ ရက်နေ့ ရေးမြို့နယ်၊ ခလရ ၁၀၆ တပ်ရင်းမှ ဗိုလ်ကြီးကျော်မြင့်လွင် တပ်ထောက်မှူးသည် MA3 ၁ လက် ၊ ကျည် ၁၂၄ တောင့် ၊ ကျည်ဘောက် ၃ ခု ၊ အီနာဗုံး ၄ လုံး ၊MA5 ၁ လက် ၊ ကျည်ဘောက် ၁ ခု ၊ ကျည်ဆန် ၁၀ တောင့် နှင့်အတူ KNLA+PDF တောင်ညို စစ်ကြောင်းထံသို့ အလင်း၀င်ရောက် လာခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် ဇွန်လ ၁၇ ရက်နေ့ နံနက် ၁၁ နာရီ ၄၀ မိနစ်မှ နံနက် ၁၁ နာရီ ၄၅ မိနစ်အချိန် မုဒုံမြို့နယ်၊ ဝဲကလိတပ်နယ် မှစစ်ကောင်စီ၏ အင်အား ၁၀၀ ပါ စစ်ကြောင်းကို တောင်ညိုစစ်ကြောင်းက ၅ မိနစ်ကြာ ခြုံခိုပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံး၍ ၁ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။