ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် လမြန်ရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီ နှင့် ပြည်သူ့စစ် ပူးပေါင်းအဖွဲ့ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က တိုက်ခိုက်ခဲ့ကြောင်း KIAသတင်းပြန်ကြားရေးဌာနက ဖော်ပြသည်။
ယမန်နေ့ ဇွန်လ ၁၈ရက်တွင်လမြန်ကျေးရွာ ဘုရားကျောင်းဝန်းအနီး တပ်စွဲထားသည့် စစ်ကောင်စီ တပ်နှင့် ပြည်သူ့စစ်ကို KIA ပူးပေါင်းတပ်က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ဖော်ပြထားပြီး နှစ်ဖက်ထိခိုက်ကျဆုံး အခြေအနေများ ဖော်ပြထားခြင်းမရှိပေ။
လမြန်ရွာအနီး နှစ်ဖက် စစ်ရေး တင်းမာနေဆဲဖြစ်ပြီး ကျေးရွာနေပြည်သူများ လုံခြုံရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ဖော်ပြထားသည်။
စစ်ကောင်စီတပ်သည် ဇွန်လ ၁၀ရက်ကလည်း လမြန်ရွာ ခရယာန်ဘုရားကျောင်းကို ဒရုန်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ ဘုရားကျောင်းပျက်စီးခဲ့ရသည်။
ဝိုင်းမော်မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်း အများအပြားကို KIAက တိုက်ခိုက်သိမ်းပိုက်မှုများ ဆက်တိုက်လုပ်ဆောင်ခဲ့ပြီးနောက် စစ်ကောင်စီက မြို့နယ်အတွင်း လေကြာင်း၊ လက်နက်ကြီး တို်ခိုက်မှုများ စွာ လုပ်ဆောင်ခဲ့၍ အရပ်သား သေဆုံးထိခိုက်မှုများ ၊ နေအိမ်ပျက်စီးမှုများ ရှိခဲ့သည်။