မုံရွာ-အရာတော် လမ်းပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အကြို “ငုံ့မခံဘဲ တုံ့ပြန်မယ့် သံမဏိနှင်းဆီတွေ” ဘန်နာ စာတန်းကိုင်ဆောင်ပြီး စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
အဆိုပါ ချီတက် ဆန္ဒပြပွဲကို အရာတော်မြို့နယ် လူထုသပိတ် ဦးဆောင်ကော်မတီနှင့် မုံရွာလူထု သပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီတို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။