စစ်ကိုင်းတိုင်း ကနီမြို့နယ်တွင် ကနီမြို့နယ်သပိတ်ဦးဆောင်ကော်မတီက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၇၉ နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် နှင်းဆီ ၁၀၀၀ ဖြင့် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ကနီမြို့နယ်သပိတ်ဦးဆောင်ကော်မတီနှင့်အတူ အမျိုးသမီးမဟာမိတ်အင်အားစု(WAB)၊ကနီမြို့နယ်ပညာရေးဘုတ်အဖွဲ့၊ ကနီမြို့နယ်ရှိ ပြည်သူ့အခြေပြုကျောင်းမှ ဆရာ/မများ၊ ကျောင်းသား/သူများ ပူးပေါင်း၍ “ငုံ့မခံဘဲ တုံ့ပြန်မယ့် သံမဏိနှင်းဆီတွေ” ဘန်နာကိုင်စွဲကာ နှင်းဆီပွင့် ၁၀၀၀ ဖြင့် အာဏာရှင်ဆန့်ကျင်ရေး ပန်းသပိတ် ဆင်နွှဲခဲ့ကြကြောင်း သိရှိရသည်။