တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်က မြေပြင်ကျောင်းအချို့မှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် (၇၉) နှစ်ပြည့်မွေးနေ့အလှူ ဆွမ်း ကပ်တာနဲ့ အတန်းပြီးဆုံး သွားတဲ့ ကျောင်းသား၊ကျောင်းသူတွေကို ဂုဏ်ပြုလွှာပေးအပ်တာတို့ကို ပူးတွဲလုပ်ဆောင်ခဲ့တယ်လို့ မြို့နယ် ပညာရေးဘုတ်အဖွဲ့က ဒီနေ့မှာ အသိပေးပါတယ်။
မြို့နယ် မြေပြင်ကျောင်းအချို့မှာ လူထုခေါင်း ဆောင်ရဲ့ မွေးနေ့ အလှူအတွက် သံဃာတော်များကို အာရုံဆွမ်းကပ်တာ၊ စာသင်ကျောင်းမှာ မွေးနေ့ ဆုတောင်းတာတွေကို ပြုလုပ်ခဲ့ တယ်လို့ သိရပါတယ်။
ဒါအပြင် ၂၀၂၂ -၂၀၂၃ ခုနှစ် ပညာသင်နှစ်မှာ အတန်းပြီးမြောက် သွားတဲ့ ကျောင်းသား/သူများ ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲ ကို ဆက်လက်ပြုလုပ်ခဲ့ပြီး၊ အကပဒေသာများနဲ့ ဖျော်ဖြေမှုတွေကိုပါ ထည့်သွင်း ကျင်းပခဲ့ကြတယ်လို့ တနင်္သာရီ ပညာရေး ဘုတ်အဖွဲ့ က ထုတ်ပြန်ထားပါတယ်။